1
တနည်းကား၊ အလျားငါး တောင်၊ အနံငါး တောင်ရှိ၍ စတုရန်း လေးထောင့်ဖြစ်သော မီးရှို့ရာ ယဇ်ပလ္လင် ကို အကာရှသားနှင့်လုပ်လေ၏။ အမြင့်လည်း သုံး တောင်ရှိ၏။
2
ယဇ်ပလ္လင်လေး ထောင့်အပေါ်မှာ ဦးချိုလေး ချောင်းကို အကာရှသားနှင့်လုပ်၍ ကြေးဝါ နှင့် မွမ်းမံလေ၏။
3
အိုး နှင့်တကွ တူးရွင်းပြား၊ အင်တုံ၊ အမဲသားချိတ်၊ လင်ပန်း အစရှိသော ယဇ်ပလ္လင် နှင့် ဆိုင်သော တန်ဆာရှိသမျှတို့ကို ကြေးဝါ နှင့်လုပ်လေ၏။
4
ကြေးဝါ ဆန်ခါကို လုပ်၍ ယဇ်ပလ္လင် ခါးပန်းအောက်အလယ်၌ထား၍၊
5
ထမ်းဘိုးထားရာ ဆန်ခါလေး ထောင့်၌ တပ်ရသော ကြေးဝါလေးကွင်း ကို သွန်းလေ၏။
6
အကာရှသားထမ်းဘိုးတို့ကို လုပ်၍ ကြေးဝါ နှင့် မွမ်းမံပြီးမှ၊
7
ယဇ်ပလ္လင် ကို ထမ်းစရာဘို့ တဘက် တချက်ကွင်း များ၌ လျှိုထားလေ၏။ ထိုယဇ်ပလ္လင် ကို အပေါ်အောက် ဟင်းလင်းဖြစ်စေခြင်းငှာ၊ ပျဉ်ပြားနှင့် လုပ်လေ၏။
8
ပရိသတ်စည်းဝေးရာ တဲ တော်တံခါးရှေ့မှာ စည်းဝေးတတ်သော မိန်းမတို့၏ ကြေးဝါ မှန်များကို ယူ၍ ကြေးဝါ အင်တုံနှင့် ကြေးဝါ ခြေထောက်ကို လုပ်လေ၏။
9
တဲတော်ဝင်းကာရန်မူကား၊ အလျားအတောင် တရာ ရှိသော ပိတ်ချော နှင့် တောင်ဘက် ၌ ကုလားကာကို လုပ်လေ၏။
10
ထိုကုလားကာဘို့ တိုင်နှစ်ဆယ် ၊ တိုင် ခြေစွပ်နှစ်ဆယ် ကို ကြေးဝါ နှင့်လုပ်၍ တိုင် တံစို့၊ တိုင် တန်းတို့ကို ငွေ ဖြင့်ပြီးစေ၏။
11
ထိုနည်းတူ မြောက်ဘက် ၌ ကာရန်အလျားအတောင် တရာ ရှိသော ကုလားကာနှင့်တကွ ငွေ တံစို့၊ ငွေ တန်းပါသော ကြေးဝါတိုင်နှစ်ဆယ် ၊ ကြေးဝါ ခြေစွပ်နှစ်ဆယ် ရှိ၏။
12
အနောက်ဘက် ၌ ကာရန် အလျားအတောင် ငါးဆယ် ရှိသော ကုလားကာနှင့်တကွ တိုင်တဆယ် ၊ ခြေစွပ် တဆယ် ရှိ၏။
13
အရှေ့ဘက် ၌လည်း အတောင်ငါးဆယ် ရှိ၏။
14-15
တံခါးဝ တဘက် တချက်၌ ကာရန် အလျားဆယ်ငါး တောင်ရှိသော ကုလားကာနှင့်တကွ တိုင်သုံးတိုင် ၊ ခြေစွပ်သုံး ခုရှိ၏။
16
ဝင်းပတ်လည်၌ကာသော ကုလားကာရှိသမျှတို့သည် ပိတ်ချော ဖြင့်ပြီး၏။
17
တိုင် တို့သည် ကြေးဝါ ခြေစွပ်၊ ငွေ တံစို့၊ ငွေ တန်းနှင့်ပြည့်စုံ၍ တိုင် ထိပ်များကိုလည်း ငွေ နှင့် မွမ်းမံလေ၏။ ဝင်းတိုင် တန်း ရှိသမျှတို့သည် ငွေ တန်းဖြစ်၏။
18
ဝင်းတံခါးဝ၌ ကာရန် ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချော ဖြင့်ပြီး၍ ချယ်လှယ် သော ကုလားကာ၊ အလျားအတောင်နှစ်ဆယ် ၊ အမြင့်ငါး တောင်ရှိ၍၊ ဝင်းကာသော ကုလားကာနှင့် တညီတည်းဖြစ်၏။
19
ဝင်းတံခါးဝတိုင် လေး ခုရှိ၍၊ ကြေးဝါ ခြေစွပ်လေး ခု၊ ငွေ တံစို့၊ ငွေ တန်းများ၊ ငွေ နှင့်မွမ်းမံသော ထိပ်များနှင့် ပြည့်စုံကြ၏။
20
တဲတော်တံသင် ဝင်းပတ်လည်၌ စိုက်သော တံသင် ရှိသမျှတို့သည် ကြေးဝါတံသင် ဖြစ်ကြ၏။
21
ဤရွေ့ကား၊ မောရှေစီရင်သည်အတိုင်း၊ ယဇ်ပုရောဟိတ် အာရုန်၏သား ဣသမာသည်၊ လေဝိလူများ အမှုတော်ဆောင်စရာ တဲတော်ကို ရေတွက်မှတ်သား သော သက်သေခံချက် တဲတော်စာရင်းပေတည်း။
22
မောရှေအား ထာဝရဘုရား မှာထားတော်မူသမျှတို့က ို၊ ယုဒ အမျိုးသား ဟုရ၏သား ဖြစ်သော၊ ဥရိ၏ သား ဗေဇလေလသည် လုပ်လေ၏။
23
ထိုမှတပါး၊ ထုလုပ်တတ်သောသူ၏ အလုပ်၊ ဆန်းပြားသော လက်သမား အလုပ်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချော ကို ချယ်လှယ် တတ်သောသူ၏ အလုပ်ကို လုပ်တတ်သော ဒန် အမျိုးသား အဟိသမက်၏သား အဟောလျဘ လည်းရှိ၏။
24
သန့်ရှင်းရာ ဌာနတော်ပြီးအောင်လှူ၍ လုပ်သော ရွှေချိန်ပေါင်းကား အကျပ် တော်အတိုင်း အခွက် နှစ်ရာကိုး ဆယ်ခုနစ်ပိဿာသုံးဆယ် ဖြစ်သတည်း။
25
စာရင်းဝင်သော ပရိသတ်များပေးသော ငွေ ချိန်ပေါင်းကား၊ အကျပ် တော်အတိုင်း အခွက်တထောင် နှင့် တဆယ် ခုနစ်ပိဿာခုနစ်ဆ ယ်ငါးကျပ် ဖြစ်သတည်း။
26
အသက်နှစ်ဆယ် မှစ၍ ပိုလွန်သမျှသောသူ စာရင်းဝင်သည်အတိုင်း၊ လူခြောက် သိန်းသုံး ထောင် ငါး ရာငါးဆယ် တို့သည်၊ အကျပ် တော်အလိုက် ငွေချိန်အကျပ် တဝက်စီ ပေးရကြ၏။
27
ခြေစွပ်တခု၌ ငွေအခွက် တဆယ်စီဝင်သည်ဖြစ်၍၊ ငွေအခွက် တထောင်နှင့် တဲတော် ခြေစွပ်၊ အတွင်းကုလားကာ ခြေစွပ်တည်းဟူသော ခြေစွပ် တရာ ကို သွန်းလေ၏။
28
ကျန်သောငွေအခွက်တဆယ် ခုနစ်ပိဿာခုနစ်ဆ ယ်ငါး ကျပ်နှင့် တိုင် တံစို့နှင့် တိုင် တန်းတို့ကို လုပ်၍ တိုင် ထိပ်များကို မွမ်းမံလေ၏။
29
လှူသော ကြေးဝါ ပေါင်းကား အခွက် ခုနစ်ရာနှစ်ဆယ်နှင့် လေး ပိဿာဖြစ်သတည်း။
30
ထိုကြေးဝါ နှင့် ပရိသတ်စည်းဝေးရာ တဲ တော်တံခါးဝခြေစွပ်၊ ကြေးဝါယဇ်ပလ္လင် ၊ ကြေးဝါ ဆန်ခါ၊ ယဇ်ပလ္လင် တန်ဆာရှိသမျှကို၎င်း၊
31
ကာသောဝင်းခြေစွပ်၊ ဝင်းတံခါးဝခြေစွပ်၊ တဲတော်တံသင် ၊ ဝင်းပတ်လည်၌ စိုက်သော တံသင် ရှိသမျှ ကို၎င်း လုပ်လေ၏။