1
တဖန် ထာဝရဘုရား က၊ အရင်ကျောက်ပြားနှစ် ပြားနှင့်တူအောင် ကျောက်ပြားနှစ် ပြားကို ခုတ်လော့။ သင်ချိုး ဖဲ့သော အရင်ကျောက်ပြား၌ စကားပါသည်အတိုင်း နောက်ကျောက်ပြားပေါ်မှာ ငါရေး ထားမည်။
2
နက်ဖြန်နံနက် သင်သည် အသင့်နေလျက်၊ သိနာတောင် ပေါ်သို့ တက်၍ တောင် ထိပ်၌ ငါ့ရှေ့မှာကိုယ်ကို ပြလော့။
3
သင်နှင့်အတူ အဘယ်သူမျှ မတက်ရ။ တောင် တပြင်လုံး၌ လူ ကို မထင်ရှားစေနှင့်။ တောင် ခြေရင်း ၌ သိုးနွား တို့ကို ကျက်စားရာမပြုစေနှင့်ဟု မောရှေအား မိန့်တော်မူ၏။
4
ထ ာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ အရင်က ျောက ်ပြားနှင့်တူအောင် က ျောက ်ပြားနှစ် ပြားက ို ခုတ်ပြီးမှ၊ မောရှေသည် နံနက်စောစောထ ၍ ထ ိုက ျောက ်ပြားနှစ် ပြားက ို က ိုင်လျက ်၊ သိနာတောင် ပေါ်သို့ တက် လေ၏။
5
ထာဝရဘုရား သည် မိုဃ်းတိမ် ဖြင့် ဆင်းသက် ၍၊ ထိုအရပ်၌ မောရှေအနားမှာရပ်လျက်၊ ထာဝရ ဘုရား ၏နာမတော်ကို ကြွေးကြော် တော်မူ၏။
6
ထာဝရဘုရား သည် မောရှေရှေ့၌ ကြွသွားတော်မူလျက်၊ ထာဝရဘုရား ၊ ထာဝရဘုရား ၊ ချစ်သနား ခြင်း မေတ္တာကရုဏာ နှင့်ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့် ကြွယ်ဝတော်မူထသော၊
7
အထောင်အသောင်းများသောသူတို့အား သနားခြင်း ကျေးဇူးတရားကို စောင့်တော်မူထသော၊ အဓမ္မကျင့်ခြင်း၊ တရားတော်ကို လွန်ကျူးခြင်း ၊ ပြစ်မှားခြင်းအပြစ်တို့ကို ဖြေလွှတ်သော်လည်း၊ အချည်းနှီး သက်သက် ဖြေလွှတ်တော်မမူထသော၊ သား စဉ်မြေးဆက်၊ တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင်၊ အဘတို့၏ အပြစ်ကိုသား တို့၌ ဆပ်ပေးစီရင်တော်မူသော ဘုရားသခင်ဟု ကြွေးကြော်တော်မူ၏။
8
မောရှေသည် အလျင်အမြန် ဦးညွှတ်ချ၍ ကိုးကွယ်လျက်။
9
အိုဘုရားရှင်၊ အကျွန်ုပ်သည် ရှေ့တော်၌ မျက်နှာရလျှင်၊ အကျွန်ုပ်အရှင်သည် အကျွန်ုပ်တို့နှင့်အတူ ကြွတော်မူပါစေသော၊ အကျွန်ုပ်တောင်းပန်ပါ၏။ ဤလူမျိုးသည် လည်ပင်းခိုင်မာသော အမျိုးဖြစ်သော်လည်း၊ အကျွန်ုပ်တို့ပြစ်မှားမိသော ဒုစရိုက်အပြစ်များ ကို လွှ တ်၍ အကျွန်ုပ်တို့ကို ကိုယ်တော်အမွေဥစ္စာတို့ သိမ်းယူတော် မူပါဟုလျှောက်လျှင်၊
10
ထာဝရဘုရား က၊ ကြည့်ရှုလော့။ ငါပဋိညာဉ်ပြု၏။ မြေ ကြီးပေါ်မှာ လူမျိုး၌ မပြုစဖူးသော အံ့ဘွယ်သောအမှုတို့ကို သင်၏လူမျိုးရှေ့မှာ ငါပြုမည်။ သင်တို့အဘို့ ငါထာဝရဘုရား ပြုရသောအမှုသည် ကြောက်မက်ဘွယ်သော အမှု ဖြစ်ကြောင်းကို သင်ပေါင်းဘော်သော လူအပေါင်းတို့သည် မြင် ရကြလိမ့်မည်။
11
ယနေ့ ငါမှာထားသော စက ားက ို မှတ်လော့။ သင့်ရှေ့မှာ အာမောရိလူ၊ ခါနနိလူ၊ ဟိတ္တိ လူ၊ ဖေရဇိလူ၊ ဟိဝိလူ ၊ ယေဗုသိလူတို့က ို ငါနှင်ထုတ်မည်။
12
သင်သည် ယခုသွားသော ပြည် သူပြည် သားတို့နှင့် မိဿဟာယဖွဲ့သဖြင့်၊ သင့်အလယ်၌ တိုက်မိ၍ လဲစရာအကြောင်းမဖြစ်စေခြင်းငှာ၊ ကိုယ်ကိုကိုယ်သတိပြုလော့။
13
သူတို့ယဇ်ပလ္လင်များ ကို ဖျက်ဆီးရမည်။ သူတို့ရုပ်တုဆင်းတုများကို ချိုး ဖဲ့ရမည်။ သူတို့ အာရှရပင် များကို ခုတ်လှဲရမည်။
14
အခြားသောဘုရား ကို သင်သည် မကိုးကွယ်ရ။ အပြစ်ရှိယုံလွယ်အမည်ရှိသော ထာဝရဘုရား သည် အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရား သခင်ဖြစ်တော်မူ၏။
15
သင်သည် ထိုပြည် သူပြည် သားတို့နှင့် မိဿဟာယ ဖွဲ့သဖြင့်၊ သူတို့သည် မိမိတို့ဘုရားနှင့် မှားယွင်းခြင်းကို ပြ၍၊ ထိုဘုရားတို့အား ယဇ်ပူဇော်သောအခါ၊ သင့်ကို ခေါ်၍သင်သည် ထိုယဇ်ကောင်ကို စားမည်ဟူ၍ ၎င်း၊
16
သင်သည် သူတို့ သမီး များကိုယူ၍၊ ကိုယ်သား တို့နှင့် ထိမ်းမြားပေးစားသဖြင့်၊ ထိုသမီးတို့ သည် မိမိတို့ ဘုရားနှင့် မှားယွင်းခြင်းကို ပြု၍ သင်၏သား တို့ကို ထိုဘုရားတို့နှင့် မှားယွင်းစေမည်ဟူ၍၎င်း စိုးရိမ်စရာ ရှိ၏။
17
သင်သည် ကိုယ်အဘို့ သွန်းသော ဘုရားတို့ကို မလုပ်ရ။
18
သင်သည် အဗိဗလ ၌ အဲဂုတ္တုပြည်မှ ထွက ်သောက ြောင့်၊ ငါပညတ်သည်အတိုင်း၊ အဗိဗလ တွင် ခုနစ်ရက ်ပတ်လ ုံး တဆေးမဲ့ မုန့်က ို စား၍ အဇု မပွဲက ို ခံရမည်။
19
သားဦးအပေါင်းတို့သည် ငါ့ဥစ္စာဖြစ်ကြ၏။ သင်၏တိရစ္ဆာန်တို့တွင်လည်း၊ နွားဖြစ်စေ၊ သိုးဖြစ်စေ၊ သားဦးအပေါင်းတို့သည် ငါ့ဥစ္စာဖြစ်ကြ၏။ သို့ရာတွင်၊ မြည်းသားဦးကို သိုးသငယ်နှင့် ရွေးယူရမည်။
20
မရွေးလိုလျှင်၊ မြည်း သငယ်၏လည်ပင်းကို ချိုးရမည်။ သင်၏သား ဦးအပေါင်းတို့ကို ရွေးရမည်။ ငါ့ထံသို့ အဘယ်သူမျှ လက်ချည်းမပေါ်မလာရ။
21
ခြောက် ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့ ရက်၌ ငြိမ်ဝပ်စွာ နေရမည်။ လယ်လုပ်ရာ ကာလ၊ အသီးအနှံသိမ်းရာကာဖြစ်သော်လည်း၊ သတ္တမနေ့ ရက်၌ ငြိမ်ဝပ်စွာ နေရမည်။
22
ဂျုံစပါးကို သိမ်းစရှိသည်ကာလခုနစ်သိတင်းပွဲကို၎င်း၊ နှစ်လဲသောအခါ သိုထားပွဲကို၎င်း ခံရမည်။
23
သင်တို့ အမျိုးသား ယောက်ျားအပေါင်းတို့သည်၊ ဣသရေလအမျိုး၏ ဘုရားသခ င်တည်းဟူသော ထာဝရအရှင်ဘုရား သခင် ့ရှေ့တော်၌ တနှစ်လျှင် သုံး ကြိမ်မျက်နှာ ပြရကြမည်။
24
တပါးအမျိုးသားများ ကို သင်တို့ရှေ့က ငါနှင်ထုတ်၍၊ သင်တို့နေရာနယ်ကို ငါ ကျယ်စေမည်။ သင်၏ ဘုရားသခ င် ထာဝရဘုရား ရှေ့တော်၌ တနှစ်တွင် သုံး ကြိမ် မျက်နှာ ပြသွားသောအခါ၊ သင်၏မြေ ကို အဘယ်သူမျှ မတပ်မက်ရ။
25
ငါ့ယဇ်ကောင်အသွေး ကို တဆေး နှင့် ရော၍ မပူဇော်ရ။ ပသခါပွဲ ယဇ်ကောင်ကို၊ နံနက် တိုင်အောင် မကြွင်းစေရ။
26
သင်၏မြေ၌ အဦးသီးသော အသီးအနှံအကောင်းဆုံးကို သင်၏ ဘုရားသခ င်ထာဝရဘုရား ၏ အိမ် တော်ထဲသို့ ဆောင်သွင်းရမည်။ ဆိတ်သငယ်ကို အမိနို့ ရည်နှင့် မပြုတ် မချက်ရ။
27
ဤစကားများကို ရေး ထားလော့။ ဤစကားများလာသည် အတိုင်း သင်မှစ၍ ဣသရေလအမျိုးနှင့် ငါပဋိညာဉ်ပြုသည်ဟု မောရှေအား မိန့်တော်မူ၏။
28
ထိုအရပ်မှာ မောရှေသည ် အစာ ကို မစား ၊ ရေကို မသောက်ဘဲ။ အရက်လေးဆယ် ပတ်လုံး ထာဝရ ဘုရား အထံတော်၌ နေလေ၏။ ကျောက်ပြားပေါ်မှာ ပဋိည ာဉ်စကား ၊ ပည တ်တော်ဆယ်ပါးကို ရေး ထားတော် မူ၏။
29
မောရှေသည် သက်သေခံချက် ကျောက်ပြားနှစ် ပြားကို ကိုင်လျက်၊ သိ နာတောင် ပေါ်မှ ဆင်းသက် သောအခါ၊ မိမိနှင့် ဘုရားသခင် နှုတ်ဆက်တော်မူသောကြောင့်၊ မိမိမျက်နှာ အရေ ထွန်းပကြောင်းကို မိမိမသိ ။
30
အာရုန်နှင့် ဣသရေလအမျိုးသား အပေါင်းတို့သည်၊ မောရှေကို မြင် သောအခါ၊ သူ၏မျက်နှာ အရေထွန်းပသောကြောင့်၊ သူတို့သည် မချဉ်းမကပ်ဝံ့ကြ။
31
မောရှေသည် သူတို့ကို ခေါ်၍၊ အာရုန်နှင့် ပရိသတ်သူကြီးတို့သည် ချဉ်းကပ်ကြလျှင်၊ မောရှေသည် နှုတ်ဆက်လေ၏။
32
ထိုနောက ် ဣသရေလအမျိုးသား အပေါင်းတို့သည် ချဉ်းက ပ်က ြလျှင်၊ သိနာတောင်ပေါ်မှာ ထာဝရ ဘုရား မိန့်တော်မူသမျှတို့က ို သူတို့အား ဆင့်ဆိုလေ၏။
33
မောရှေသည် သူတို့အား ဟောပြော၍ မပြီးမှီ မိမိမျက်နှာ ကို ဖုံးအုပ်လေ၏။
34
ထာဝရဘုရား ရှေ့တော်သို့ ဝင် ၍လျှောက ်သောအခါ၊ မထွက ်မှီတိုင်အောင် မျက်နှာ ဖုံးက ို ချွတ်ထား၏။ တဖန် ထွက ်၍ အမိန့်တော်က ို ဣသရေလအမျိုးသား တို့အား ဆင့်ဆို၏။
35
သူ၏မျက်နှာ အရေ ထွန်းပကြောင်းကို ဣသရေလအမျိုးသား တို့သည် မြင်ကြ လျှင်၊ တဖန် အထဲသို့ ဝင် ၍ မလျှောက်မှီတိုင်အောင် မိမိမျက်နှာ ကို ဖုံးအုပ်ပြန်၏။