1
တနည်းကား၊ နံ့သာပေါင်းကို မီးရှို့စရာ ယဇ်ပလ္လင် ကို အကာရှသားနှင့် လုပ်ရမည်။
2
ထိုပလ္လင်သည် အလျားတတောင်၊ အနံတတောင်၊ စတုရန်း လေးထောင့်ဖြစ်၍၊ အမြင့်နှစ်တောင်ရှိ ရမည်။ ဦးချိုတို့ကိုလည်း အကာရှသားဖြင့် ပြီးစေရမည်။
3
ပလ္လင်ထိပ်၊ နံရံ၊ ဦးချိုတို့ကို ရွှေစင်နှင့် မွမ်းမံ၍၊ အပေါ်နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကိုလည်း လုပ်ရမည်။
4
ရွှေတန်ဆာအောက်၊ ပလ္လင်တဘက် တချက်ထောင့်၌ ရွှေကွင်းနှစ်ကွင်း ကို လုပ်၍၊ ပလ္လင်ထမ်းစရာ ထမ်းဘိုးနေရာ ဖြစ်ရမည်။
5
ထမ်းဘိုးတို့ကို အကာရှသားနှင့် လုပ်၍ ရွှေနှင့်မွမ်းမံခံရမည်။
6
ငါသည် သင်နှင့်တွေ့ရာအရပ်၊ သက်သေခံချက် ထားသောသေတ္တာကို ကာသော ကုလားကာရှေ့၌ ထိုပလ္လင်ကို ထားရမည်။
7
အာရုန်သည် နံနက် တိုင်း မီးခွက် တို့ကို ပြင်သောအခါ၊ ထိုပလ္လင်ပေါ်မှာ မွှေး သော နံ့သာပေါင်းကို ရှို့ရမည်။
8
ညဦးယံ၌လည်း မီးခွက် တို့ကို ထွန်းသောအခါ၊ ထိုပလ္လင်ပေါ်မှာ နံ့သာပေါင်းကို ရှို့ရမည်။ ထိုသို့ သင်တို့ သားစဉ်မြေးဆက် တို့သည် ထာဝရဘုရား ရှေ့တော်၌ အစဉ်အမြဲ ပြုရသော နံ့သာ ပေါင်းရှို့ခြင်း ဖြစ်သတည်း။
9
ထိုပလ္လင်ပေါ်မှာ ထူးခြားသော နံ့သာပေါင်းကို မရှို့ရ။ မီးရှို့သော ယဇ်ကို မပြုရ။ ဘောဇဉ် ပူဇော်သက္ကာကို လည်း မပြုရ။ သွန်းလောင်းရာ ပူဇော်သက္ကာကို လည်း မပြုရ။
10
အာရုန်သည် တနှစ်တခါ အပြစ်ဖြေရာ ယဇ် ကောင်းအသွေး ကိုယူ၍၊ ထိုပလ္လင်၏ ဦးချိုတို့၌ အပြစ်ဖြေခြင်း မင်္ဂလာကို ပြုရမည်။ သင်တို့ သားစဉ်မြေးဆက် တို့သည် တနှစ်တခါ ထိုသို့ ပြုရ ကြမည်။ ထာဝရဘုရား အား အလွန်သန့်ရှင်းသော ယဇ်ပလ္လင်ဖြစ်သည်။
11
တဖန် ထာဝရဘုရား သည်၊ မောရှေအား မိန့်တော်မူသည်ကား၊
12
ဣသရေလအမျိုးသား တို့ကို ရေတွက်၍ စာရင်းယူသောအခါ၊ ဘေးလွတ်မည်အကြောင်း ရှိသမျှ တို့သည် အသီးအသီး မိမိအသက်ရွေးရန် အဘိုးကို ထာဝရဘုရား အား ဆက်ကပ်ရမည်။
13
ရေတွက်၍ စာရင်းဝင်သော သူအပေါင်းတို့သည် အကျပ် တော်အလိုက်၊ ငွေအကျပ် တဝက်စီ ထာဝရဘုရား အား ဆက်ကပ်ရမည်။ အကျပ် ကား၊ ဂေရ နှစ်ဆယ် ဖြစ်သတည်း။
14
အသက်နှစ်ဆယ် မှစ၍၊ ပိုလွန်သောသူ အပေါင်းတို့သည် စာရင်းဝင်၍၊ ထိုသို့သော ပူဇော်သက္ကာကို ထာဝရဘုရား အားပြုရမည်။
15
ကိုယ်အသက်ကို ရွေးခြင်းငှါ၊ ထာဝရဘုရား အား ပူဇော်သက္ကာကို ပြုသောအခါ၊ ငွေရတတ်သော သူတို့သည် မပို၊ ဆင်းရဲသော သူတို့သည် မလျှော့ဘဲ၊ လူတိုင်း အကျပ် တဝက်စီ ပေး ရမည်။
16
ဣသရေလအမျိုးသား တို့၏ အရွေးငွေ ကို ယူ၍ သူတို့အသက်ကို ရွေးခြင်းငှာ၊ ထာဝရဘုရား ရှေ့တော်၌ ဣသရေလအမျိုးသား တို့၏ သက်သေဖြစ်ရမည်အကြောင်း၊ ပရိသတ်စည်းဝေးရာ တဲ တော်စရိတ်အဘို့ အလိုငှာ ထားရမည်ဟု မိန့်တော်မူ၏။
17
တဖန် ထာဝရဘုရား သည်၊ မောရှေအား မိန့်တော်မူသည်ကား၊
18
အာရုန်နှင့် သူ၏သားတို့ လက်ခြေဆေးစရာဘို့ ကြေးဝါ ခြေထောက်ပါသော ကြေးဝါ အင်တုံကို လုပ်၍၊ ပရိသတ်စည်းဝေးရာ တဲ တော်နှင့် ယဇ်ပလ္လင် စပ်ကြား၌ ထားရမည်။
19
သူတို့သည် ပရိသတ်စည်းဝေးရာ တဲတော်သို့ ဝင်သော်၎င်း၊၊
20
အမှုတော်ကို ထမ်း၍ ထာဝရဘုရား အား မီးရှို့သောယဇ်ကို ပူဇော်ခြင်းငှာ၊ ယဇ်ပလ္လင် အနားသို့ ချဉ်းကပ်သော်၎င်း၊
21
သေဘေးနှင့် ကင်းလွတ်မည်အကြောင်း၊ မိမိတို့လက်ခြေ ကို ဆေးရမည်။ ထိုသို့သူတို့နှင့် သူတို့အမျိုး အနွယ်အစဉ်အဆက်တို့သည် စောင့်ရသော ပညတ်တော်ဖြစ်သတည်းဟု မိန့်တော်မူ၏။
22
တဖန် ထာဝရဘုရား သည်၊ မောရှေအား မိန့်တော်မူပြန်သည်ကား၊
23
သင်သည် မြတ်သောနံ့သာမျိုး ကို အကျပ်တော်နှင့်ချိန်လျက်၊ စင်ကြယ်သော မုရန်စေး အကျပ်ငါး ရာ၊ မွှေး သော သစ်ကြံ ပိုးနှစ်ရာငါးဆယ် ၊ မွှေး သောကြံ နှစ်ရာငါးဆယ် ၊
24
သစ်ကြံပိုးတမျိုးငါး ရာ၊ သံလွင်ဆီ တဟိန် ကို ယူ၍၊
25
ဆေးသမားအတတ်နှင့် ဖယောင်းဆီ ကို ဘော်တတ်သည်အတိုင်း၊ လိမ်းရန်ဆီ တည်းဟူသော သန့်ရှင်းသော နံ့သာဆီ ကို ဘော်ပြီးမှ၊
26
ပရိသတ်စည်းဝေးရာ တဲ တော်နှင့် သက်သေခံချက်သေတ္တာကို ၎င်း၊
27
စားပွဲ နှင့် စားပွဲ တန်ဆာရှိသမျှကို၎င်း၊ မီးခုံ နှင့် မီးခုံ တန်ဆာကို၎င်း၊ နံ့သာပေါင်းရှို့သောပလ္လင်၊
28
မီးရှို့ရာ ယဇ်ပူဇော်သောပလ္လင်နှင့် ပလ္လင်တန်ဆာရှိသမျှကို၎င်း၊ အင်တုံနှင့် အင်တုံခြေထောက်ကို၎င်း၊ ထိုနံ့သာဆီနှင့် လိမ်းသဖြင့်၊
29
ထိ ုအရာတို့ ကို အလွန်သန့်ရှင်းစေခြင်းငှာ၊ ထိ ုသို့ သန့်ရှင်းစေရမည်။ ထိ ုအရာတို့ နှင့် တွေ့သမျှသော အရာသည် သန့်ရှင်းသောအရာဖြစ်ရမည်။
30
အာရုန်နှင့် သူ၏သား တို့ကို လိမ်း၍၊ သူတို့သည် ငါ့ရှေ့၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်စေခြင်းငှာ၊ ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားရမည်။
31
ဣသရေလအမျိုးသား တို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့သားစဉ်မြေးဆက် အပေါင်းတို့၌ ဤဆီ သည်၊ ငါ့အဘို့ သန့်ရှင်းသော လိမ်းရန်ဆီ ဖြစ်ရမည်။
32
လူ၏ကိုယ်ပေါ်မှာ မလောင်းရ။ ထိုဆီကို ဘော်သည်နည်းတူ၊ အခြားသောဆီကို မဘော်ရ။ သန့်ရှင်းသည်ဖြစ်၍၊ သန့်ရှင်းသည်ဟု သင်တို့သည် မှတ်ရမည်။
33
ထိုဆီနှင့်တူအောင် ဘော်သောသူ၊ မဆိုင်သောလူ ၌ လိမ်းသောသူမည်သည်ကား၊ မိမိအမျိုးမှ ပယ်ရှင်းခြင်းကို ခံရမည်ဟု မိန့်တော်မူ၏။
34
တဖန် ထာဝရဘုရား သည်၊ မောရှေအား မိန့်တော်မူသည်ကား၊ မွှေး သော နံ့သာမျိုးတည်းဟူသော နတပ်စေး၊ မွှေး သော ငါးခွံ၊ ဂါလဗန်စေး၊ စင်သော လောဗန်စေးတို့ကို အညီအမျှ ချိန်ယူ၍၊
35
ဆေးသမားအတတ်နှင့် နှာဆေးကို ဘော်တတ်သည်နည်းတူ ရောနှော၍၊ သန့်ရှင်းစင်ကြယ်သော နံ့သာပေါင်းကို ဘော်ရမည်။
36
အချို့ကိုလည်း ညက်ညက်ထောင်းပြီးမှ၊ ငါသည် သင်နှင့်တွေ့ရာအရပ်၊ ပရိသတ်စည်းဝေးရာတဲတော် ၌ သက်သေခံချက်ရှေ့မှာ ထားရမည်။ သင်တို့တွင် အလွန်သန့်ရှင်းရမည်။
37
ထိုသို့သော နံ့သာပေါင်းကို ဘော်သည်နည်းတူ၊ အခြားသော နံ့သာပေါင်းကို ကိုယ်သုံးဘို့ မဘော်ရ။ သင်တို့တွင် ထာဝရဘုရား အဘို့ သန့်ရှင်းရမည်။
38
အကြင်သူသည် မိမိရှို့စရာဘို့ ထိုနံ့သာပေါင်းနှင့် တူအောင်ဘော်၏။ ထိုသူသည် မိမိအမျိုးမှ ပယ်ရှင်းခြင်းကို ခံရမည်ဟု မိန့်တော်မူ၏။