1
တဖန် ဣသရေလ အမျိုးသား ပရိသတ်အပေါင်းတို့သည်၊ ဧလိမ်အရပ် မှ ထွက်၍ ခရီးသွား ကြ၏။ အဲဂုတ္တုပြည် မှ ထွက်သွားသောနောက်၊ ဒုတိယလ ဆယ်ငါး ရက်နေ့ တွင်၊ ဧလိမ်အရပ် နှင့် သိနာတောင် စပ်ကြားမှာ သိန်တောသို့ ရောက်ကြ၏။
2
ထိုတော၌ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့က၊
3
ငါတို့သည် အဲဂုတ္တုပြည်၌ အမဲသား ချက်သော အိုး ကင်းနားမှာ ထိုင် ၍ ဝစွာစားရ သောအခါ၊ ထာဝရဘုရား ၏ လက် တော်ဖြင့် သေလျှင် သာ၍ကောင်း၏။ ယခုမူကား၊ ဤစည် းဝေးလျက်ရှိသော လူအပေါင်း တို့ကို ငတ်မွတ်ခြင်းအားဖြင့် သတ်လိုသောငှာ၊ ဤတောအရပ် သို့ ဆောင်ခဲ့ပြီတကားဟု မောရှေနှင့် အာရုန်ကို အပြစ်တင်၍ မြည်တမ်းလျက်ဆိုကြ၏။
4
ထိုအခါ ထာဝရဘုရား က ကြည့်ရှုလေ ာ့။ ငါသည် သင်တို့အဘို့ မိုဃ်းကောင်းကင်က မုန့်မိုဃ်းကို ရွာစေ မည်။ လူတို့သည် နေ့ တိုင်းထွက်၍ တနေ့ စားလေ ာက်အောင် သိမ်းယူရကြမည်။ ငါ၏တရားအတိုင်း ကျင့်မည်လေ ာ၊ မကျင့်လေ ာဟု ထိုသို့သောအားဖြင့် သူတို့ကို ငါစုံစမ်းမည်။
5
နေ့ တိုင်းသိမ်းယူသော အရာထက်၊ ခြောက် ရက်မြောက်သောနေ့ ၌ နှစ်ဆကို သိမ်းယူ၍ ပြင်ရကြမည်ဟု မောရှေအား မိန့်တော်မူ၏။
6
မောရှေနှင့် အာရုန်တို့ကလည်း၊ ထာဝရဘုရား သည် သင်တို့ကို အဲဂုတ္တုပြည် မှ နှုတ်ဆောင်တော်မူ သည်ဟု ယနေ့ ညဦးယံ၌ သင်တို့ သိ ကြလိမ့်မည်။
7
နံနက် ယံ၌လည်း၊ ထာဝရဘုရား ၏ ဘုန်းတော်ကို မြင် ရကြလိမ့်မည်။ ထာဝရဘုရား ကို အပြစ်တင်လျက် မြည်တမ်း ကြသောအသံကိုကြား တော်မူပြီ။ ငါတို့ကို အပြစ်တင်လျက် မြည်တမ်း စေခြင်းငှာ၊ ငါတို့သည် အဘယ်သို့သော သူဖြစ်သနည်းဟု ဣသရေလအမျိုးသားအပေါင်းတို့အား ဆိုလေ၏။
8
တဖန်လည်းမောရှေက၊ ထာဝရဘုရား သည် ညဦးယံ၌သင်တို့စားစရာအမဲသားကို၎င်း၊ နံနက် ယံ၌ ဝလောက်အောင် မုန့်ကို၎င်းပေး တော်မူသောအခါ၊ ဤစကားပြည့်စုံလိမ့်မည်။ သင်တို့သည် အပြစ်တင်လျက် မြည်တမ်း ကြသောအသံကို ထာဝရဘရားကြား တော်မူပြီ။ ငါတို့သည် အဘယ်သို့သော သူဖြစ်သနည်း။ သင်တို့သည် အပြစ်တင်လျက် မြည်တမ်း ကြသော စကားသည်၊ ငါတို့ကို မထိမခိုက်၊ ထာဝရဘုရား ကို ထိခိုက်သည်ဟု ဆိုလေ၏။
9
တဖန်သင်တို့သည် အပြစ်တင်လျက်၊ မြည်တမ်းသောအသံကို ထာဝရ ဘုရားကြား တော်မူသည် ဖြစ်၍၊ အထံတော်သို့ ချဉ်းကပ်ကြလော့ဟု ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အား ဆင့်ဆိုလော့ဟု အာရုန်ကို မှာထားသည်အတိုင်း၊
10
အာရုန်သည် ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အား ဆင့်ဆိုသောအခါ၊ သူတို့သည် တောသို့ မြော်ကြည့်၍၊ မိုဃ်းတိမ် ၌ ထင်ရှားသော ထာဝရဘုရား ၏ ဘုန်းတော်ကို မြင် ရကြ၏။
11
ထာဝရဘုရား ကလည်း၊ ဣသရေလအမျိုးသားတို့သည် အပြစ်တင်လျက် မြည်တမ်းသောအသံကို ငါကြားရပြီ။
12
ညဦးယံ၌ သင်တို့သည် အမဲသား ကို စားရ ကြလိမ့်မည်။ နံနက် ယံ၌လည်း မုန့်နှင့် ဝရကြလိမ့်မည်။ ငါသည် သင်တို့၏ဘုရားသခ င် ထာဝရဘုရား ဖြစ်ကြောင်းကို သိ ကြလိမ့်မည်ဟု သူတို့က ပြောလော့ဟု မောရှေအား မိန့်တော်မူ၏။
13
ညဦးယံ၌ ငုံး ငှက်တို့သည် တပ်ကိုအနှံ့အပြား တက်လာကြ၏။ နံနက် ယံ၌လည်း တပ်ပတ်လည် အရပ်ရပ်တွင် နှင်း ကျလျက်ရှိ၏။
14
နှင်း တက်ပြီးသောအခါ၊ နှင်း ခဲကဲ့သို့ သေးသေးလုံးလုံးအရာသည် မြေမျက်နှာ ပေါ်မှာ ရှိရစ်လေ၏။
15
ထိုအရာကို ဣသရေလအမျိုးသား တို့သည် မြင် သောအခါ၊ အဘယ်အရာနည်းဟု မသိ သောကြောင့်၊ တယောက်ကို တယောက် မေးကြ၏။ မောရှေကလည်း၊ ဤအရာသည် သင်တို့စားစရာဘို့ ထာဝရဘုရား ပေး သနားတော်မူသောမုန့်ဖြစ်၏။
16
လူ တိုင်း မိမိတဲ ၌ရှိသောသူအရေအတွက ်နှင့်အညီ၊ လူ အသီးအသီးစားလောက ်အောင် တယောက ် တဩမဲစီ သိမ်းယူက ြလော့ဟု ထာဝရဘုရား မိန့်တော်မူက ြောင်းက ို ပြန်ပြောလေ၏။
17
ဣသရေလအမျိုးသား တို့သည် ထိုသို့ပြု၍၊ အနည်းအများအလိုက် သိမ်းယူကြ၏။
18
ဩမဲတောင်းနှင့် ခြင်ကြသောအခါ၊ များများရသောသူမပို၊ နည်းနည်းရသောသူ မလို၊ အသီးအသီး တို့သည် စားလောက်အောင် သိမ်းယူကြ၏။
19
မောရှေကလည်း၊ နံနက် တိုင်အောင် အဘယ်သူမျှ မကျန် စေနှင့်ဟု ဆိုသော်လည်း၊
20
အချို့တို့သည် မောရှေစကားကို နားမထောင် ဘဲ၊ နံနက် တိုင်အောင် ကျန် စေသဖြင့်၊ ပိုးဖြစ်၍ နံလေသော်၊ မောရှေသည် အမျက်ထွက်၏။
21
ထိုသူ အသီးအသီးတို့သည် နေ ့တိုင်း မိမိတို့စားလောက်သမျှကို သိမ်းယူကြ၏။ နေ ပူသောအခါ အရေဖြစ်လေ၏။
22
ခြောက် ရက်မြောက်သောနေ့ ၌၊ မုန့်နှစ် ဆတည်းဟူသော တယောက်နှစ် ဩမဲစီ သိမ်းရကြ၏။ ထိုအကြောင်းကို ပရိသတ်အုပ်အပေါင်းတို့သည် မောရှေအား ကြားပြောလေ၏။
23
သူကလည်း၊ နက်ဖြန်နေ့ သည် ထာဝရဘုရား ရှေ့၌ သန့်ရှင်းသောဥပုသ်နေ့ ၊ ငြိမ်ဝပ်စွာနေရသောနေ့ ဖြစ်၏။ မုန့်ကို ပေါင်းချင်သည်အတိုင်း ပေါင်းကြလော့။ ပြုတ် ချင်သည်အတိုင်း ပြုတ် ကြလော့။ ကျန်သောအရာ ကို နံနက် တိုင်အောင် စောင့်၍ သိုထားကြလော့ဟု ထာဝရဘုရား မိန့်တော်မူကြောင်းကို ပြန်ပြောလေ၏။
24
မောရှေမှာထားသည်အတိုင်း၊ နံနက် တိုင်အောင် သိုထားက ြ၏။ နံခြင်းနှင့် က င်းလွတ်၏။ ပိုးလည်းမရှိ။
25
မောရှေကလည်း၊ ကျန်သောအရာကို ယနေ့ စားကြလော့။ ယနေ့ သည် ထာဝရဘုရား ၏ ဥပုသ်နေ့ ဖြစ်၏။ ယနေ့တွင် ထိုအရာကို တော၌ မတွေ့ရ။
26
ခြောက် ရက်ပတ်လုံး သိမ်းယူရကြ၏။ ဥပုသ်နေ့ တည်းဟူသော ခုနစ်ရက်မြောက်သောနေ့ တွင် မရှိမတွေ့ရဟု ဆိုလေ၏။
27
ခုနစ်ရက်မြောက်သောနေ့ ၌၊ အချို့တို့သည် သိမ်းယူခြင်းငှာ ထွက်သွားရာတွင်၊ ရှာ၍ မတွေ့ရကြ။
28
ထာဝရဘုရားက လည်း၊ သင်တို့သည် ငါ့ပညတ်တရားများတို့က ို အဘယ်မျှက ာလပတ်လုံး ငြင်းပယ်က ြ လိမ့်မည်နည်း။
29
ထာဝရဘုရား သည် ဥပုသ်နေ့ ကို သင်တို့အား ပေး တော်မူပြီ။ ထိုကြောင့် ခြောက် ရက်မြောက်သောနေ့ ၌ နှစ်ရက်အတွက်မုန့်ကို ပေး တော်မူ၏။ လူ တိုင်း မိမိနေရာ ၌ နေ စေ၊ ခုနစ်ရက်မြောက်သောနေ့ ၌ မိမိနေရာ မှ အဘယ်သူမျှ မသွားစေနှင့်ဟု မောရှေအား မိန့်တော်မူ၏။
30
ထိုကြောင့် လူများတို့သည် ခုနစ်ရက်မြောက်သောနေ့ ၌ ငြိမ်ဝပ်စွာနေကြ၏။
31
ဣသရေလအမျိုးသားတို့သည် ထိုစားစရာကို မန္န ဟုခေါ်ဝေါ်ကြ၏။ နံနံစေ့ကဲ့သို့ဖြစ်၍ ဖြူ သောအဆင်းရှိ၏။ ပျားရည် နှင့် ရောသောမုန့်ကြွပ်နှင့် အရသာ တူ၏။
32
မောရှေက လည်း၊ သင်တို့က ို အဲဂုတ္တုပြည် မှ ငါနှုတ်ဆောင်သောအခါ၊ တော၌ သင်တို့အား က ျွေးသော မုန့်က ို၊ သင်တို့အမျိုးအစဉ်အဆက ်တို့သည် မြင် စေခြင်းငှာ၊ သူတို့အဘို့ သိုထားရသော ဩမဲတဩမဲက ို ဖြည့်က ြလော့ဟု ထာဝရဘုရား မိန့်တော်မူက ြောင်းက ို ပြန်ပြောလေ၏။
33
တဖန် အာရုန်ကိုလည်း၊ အိုးတလုံးကို ယူ၍ မန္န တဩမဲကို အပြည့်ထည့်ပြီးလျှင်၊ သင်တို့လူမျိုး အစဉ်အဆက်ဘို့ စောင့်စေခြင်းငှာ၊ ထာဝရဘုရား ရှေ့တော်၌ သိုထားလော့ဟု ဆို၍၊
34
မောရှေက ို ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ထိုမန္နက ို အာရုန်စောင့်စေခြင်းငှာ၊ သက ်သေတော်ရှေ့မှာ သိုထားလေ၏။
35
ဣသရေလအမျိုးသား တို့သည်၊ လူနေ ရာပြည် သို့ မရောက်မှီတိုင်အောင်၊ အနှစ်လေးဆယ် ပတ်လုံး မန္န ကို စားကြ၏။ ခါနာန်ပြည် နယ်နိမိတ်သို့ မရောက်မှီတိုင်အောင် မန္န ကို စားကြ၏။
36
ဩမဲမူကား၊ ဧဖာဆယ်စုတစုဖြစ်သတည်း။