1
မိမိတို့ အိမ် သူအိမ်သား ပါလျက်၊ အဘယာကုပ် နှင့်အတူ အဲဂုတ္တုပြည်သို့ရောက်လာ သော ဣသရေလ သား တို့၏အမည်ဟူမူကား၊
2
ရုဗင် ၊ ရှိမောင် ၊ လေဝိ ၊ ယုဒ ၊
3
ဣသခါ ၊ ဇာဗုလုန် ၊ ဗင်္ယာမိန်၊
4-5
ဒန် ၊ နဿလိ ၊ ဂဒ် ၊ အာရှာတည်း။ - ယာကုပ် အမျိုးသားပေါင် းကား၊ ခုနစ်ဆယ်တည်း။ ယောသပ်သည် အဲဂုတ္တုပြည်၌ ရှိနှင့်သတည်း။
6
ယောသပ် နှင့် အစ်ကို များမှစ၍၊ ထိုကာလ အမျိုးသားအပေါင်းတို့သည် သေကြကုန်၏။
7
ဣသရေလအမျိုးသား တို့သည် သား ကိုဘွား၍ အလွန်တိုးပွားများပြားသဖြင့်၊ အလွန်အားကြီး၍ တပြည် လုံး၌ နှံ့ပြားကြလေ၏။
8
ထ ိုနောက်မှ အဲဂုတ္တုပြည်၌ ယောသပ် ကို မသိ သော ရှင်ဘုရင်သစ်ပေါ်လာ၏။
9
ထိုရှင်ဘုရင်ကလည်း၊ ဣသရေလအမျိုးသား တို့သည် ငါတို့ထက် သာ၍များကြ၏။ သာ၍အားကြီး ကြ၏။
10
လာကြ၊ သူတို့ကို လိမ္မာစွာ ပြုကြစို့။ သို့မဟုတ် သူတို့သည် များပြားကြလိမ့်မည်။ နောက်တခါ စစ် မှု ရောက်လျှင် ငါတို့ရန်သူဘက် သို့ ဝင်စား၍ ငါတို့ကို တိုက်သဖြင့်၊ ပြည် တော်ထ ဲက ထ ွက်သွားကြလိမ့်မည်ဟု မိမိလူတို့အား ဆိုလေ၏။
11
ထို့ကြောင့်အဲဂုတ္တုမင်းတို့သည်၊ ကျပ်တည်းစွာ နှိပ်စက်ညှဉ်းဆဲ စေခြင်းငှါ အအုပ်အချုပ်ခန့်ထားကြ၏။ ဣသရေလလူတို့သည်၊ ဘဏ္ဍာတော်သိုထားဘို့၊ ပိသုံမြို့ နှင့် ရာမသက်မြို့ ကို တည်ဆောက် ရကြ၏။
12
သို့သော်လည်း၊ နှိပ်စက်ခြင်းကို ခံရသည်အတိုင်း၊ တိုးပွားများပြားလျက် ရှိကြ၏။ သူတို့ကြောင့် အဲဂုတ္တု လူတို့သည် စိတ်ညစ်၍၊
13
အလွန်ကြမ်းတမ်းစွာညှဉ်းဆဲကြ၏။
14
သရွတ်နှင့်အုတ်လုပ်သောအမှု၊ လယ်လုပ်သောအမှုအမျိုးမျိုး၌ ခဲယဉ်းစွာစေခိုင်း၍ အလွန်ဆင်းရဲ ပင်ပန်းစေကြ၏။ စေခိုင်းလေရာရာ၌လည်း ခဲယဉ်းစွာ စေခိုင်းကြ၏။
15
ရှိဖရနှင့်ပုအာအမည်ရှိသော ဟေဗြဲ ဝမ်းဆွဲမ တို့ကို၊ အဲဂုတ္တုရှင်ဘုရင်က၊
16
သင်တို့သည် ဟေဗြဲ မိန်းမတို့အား ဝမ်းဆွဲလုပ်၍ မွေးရာအရပ်၌ စ ောင့်နေသောအခါ၊ ယောက်ျားဖြစ ်လျှင် သေစ ေ၊ မိန်းမဖြစ ်လျှင် အသက်ရှင်စ ေဟု အမိန့်တော် ရှိ၏။
17
ဝမ်းဆွဲမတို့သည် ဘုရားသခ င်ကိုကြောက်ရွံ၍၊ အဲဂုတ္တုရှင်ဘုရင် မိန့်တော်မူသည်အတိုင်းမပြု၊ ယောက်ျား တို့ကို အသက်ချမ်းသာပေးကြ၏။
18
အဲဂုတ္တုရှင်ဘုရင်သည်လည်း၊ ဝမ်းဆွဲမတို့ကို ခေါ်၍ သင်တို့သည် အဘယ်ကြောင့် ဤသို့ပြုသနည်း။ ယောက်ျား တို့ကိုအဘယ်ကြောင့် အသက်ချမ်းသာပေးသနည်းဟု မေးစစ ်သော်၊
19
ဝမ်းဆွဲမတို့က၊ ဟေဗြဲမိန်းမ တို့သည်၊ အဲဂုတ္တု၊ မိန်းမ ကဲ့သို့မဟုတ်၊ သန်စ ွမ်းသောကြောင့်၊ ဝမ်းဆွဲမ မရောက်မှီ သားကိုဘွား တတ်ကြ၏ဟု ပြန်လျှောက်လေ၏။
20
ထိုကြောင့် ဘုရားသခ င်သည် ဝမ်းဆွဲမတို့ကို ကျေးဇူးပြုတော်မူ၏။ ထိုလူအမျိုးသည်လည်း များပြား၍ အလွန်အားကြီးကြလေ၏။
21
ဝမ်းဆွဲမတို့သည် ဘုရားသခ င်ကို ကြောက်ရွံ့သောကြောင့်၊ သူ တို့အိမ်သူအိမ် သားများကို ပြုစ ုတော် မူ၏။
22
ဖာရော ဘုရင်က လည်း၊ ဣသရေလအမျိုးသား တို့တွင်၊ ဘွားမြင်သောသူငယ် ယောက ်ျားအပေါင်းတို့က ို မြစ်ထဲသို့ချပစ်စေ။ မိန်းမက ိုမူက ား အသက ်ရှင်စေဟု မိမိလူအပေါင်းတို့က ို မှာထားတော်မူ၏။