1
သင့်ရှေ့၌ ငါထား၍ အထက်ဆိုခဲ့ပြီးသမျှသော အရာတည်းဟူသော ကောင်းကြီးမင်္ဂလာ နှင့် ကျိန် ခြင်း အမင်္ဂလာ တို့သည် သင့်အပေါ်မှာ ရောက်၍၊ သင်၏ ဘုရားသခ င် ထာဝရဘုရား သည် သင့်ကို နှင်ထုတ်တော် မူရာ အပြည်ပြည်တို့၌ ထိုအရာတို့ကို အောက်မေ့လျက်၊
2
သင်၏ဘုရားသခ င် ထာဝရဘုရား ထံတော်သို့ ပြန်လာ ၍၊ ယနေ့ ငါမှာထားသမျှအတိုင်း၊ သင်နှင့် သား သမီး တို့သည် စက ားတော်က ို စိတ်နှလုံးအက ြွင်းမဲ့ နားထောင် လျှင်၊
3
သင်၏ဘုရားသခ င် ထာဝရဘုရား သည် သင်ခံ ရသော သိမ်းသွားခြင်း အမှုကို ကုန်စေမည် အကြောင်း၊ သင့်ကို သနားသဖြင့် တဖန်ပြန်လာ ၍၊ အထက်ကအရပ် ရပ်နှင်ထုတ်ရာ အပြည်ပြည်တို့မှ သိမ်းယူတော်မူလိမ့် မည်။
4
သင်၏လူ အချို့တို့သည် မိုဃ်းကောင်းကင် အောက် အဝေးဆုံးသောအရပ်သို့ နှင်ထုတ်ခြင်းကို ခံရ သော်လည်း၊ ထိုအရပ်မှ သင်၏ဘုရားသခ င် ထာဝရ ဘုရား သိမ်းယူဆောင်ခဲ့တော်မူလိမ့်မည်။
5
ဘိုးဘေးတို့ ဝင် စားသောပြည် သို့ တဖန်ဆောင်ခဲ့ တော်မူသဖြင့်၊ သင်သည် ဝင် စားရလိမ့်မည်။ ထိုအခါ ကျေးဇူးပြုတော်မူပြန်သဖြင့်၊ ဘိုးဘေးများတို့ထက် သင့်ကို သာ၍ များစေတော်မူလိမ့်မည်။
6
သင်သည် အသက်ရှင်မည်အကြောင်း၊ သင်၏ ဘုရားသခ င် ထာဝရဘုရား ကို စိတ်နှလုံးအကြွင်းမဲ့ချစ်စေ ခြင်းငှာ၊ သင့်နှလုံးနှင့် သင့်အမျိုး၏ နှလုံးအရေဖျားကို လှီးဖြတ်တော်မူလိမ့်မည်။
7
သင်၏ရန်သူ တည်းဟူသော သင့်ကိုမုန်း ၍ ညှဉ်းဆဲသောသူတို့ အပေါ်၌လည်း၊ အထက်ဆိုခဲ့ပြီးသော ကျိန်ခြင်းအမင်္ဂလာ ရှိသမျှတို့ကို သက်ရောက်စေတော်မူ လိမ့်မည်။
8
သင်သည် ပြန်လာ လျက ် ထာဝရဘုရား ၏ စက ားတော်က ို နားထောင် ၍၊ ယနေ့ ငါမှာထားသမျှသော ပညတ်တော် တို့က ို စောင့်ရှောက ်လိမ့်မည်။
9
သင်သည် သင်၏ ဘုရားသခ င် ထာဝရဘုရား ၏ စကားတော်ကို နားထောင်၍၊
10
ဤပညတ္တိက ျမ်းစာ၌ ရေး ထားသော စီရင်ထုံးဖွဲ့ တော်မူချက ်တို့က ို စောင့်ရှောက် လျှင်၎င်း၊ သင်၏ဘုရား သခင် ထာဝရဘုရား ထံတော်သို့ စိတ်နှလုံးအက ြွင်းမဲ့ ပြန် လာလျှင်၎င်း၊ သင်ပြုလေရာရာ၌ အောင်မည်အက ြောင်း နှင့် သင်၏သားသမီး၊ တိရစ္ဆာန်၊ အသီးအနှံတိုးပွားများ ပြားမည်အက ြောင်းက ို စီရင်၍ သင့်အက ျိုးက ို ပြုစုတော် မူလိမ့်မည်။ ထာဝရဘုရား သည် သင်၏ဘိုးဘေးတို့၌ အားရဝမ်းမြောက ်သက ဲ့သို့ သင်၌ အားရဝမ်းမြောက ်၍၊ သင့်အက ျိုးက ို ပြုစုတော်မူလိမ့်မည်။
11
ယနေ့ ငါမှာထားသော ပညတ်တရားတော် သည် သင်နားမလည်နိုင်သော တရားမဟုတ်။
12
သင်နှင့်ဝေးသည်မဟုတ်။ တရားတော်ကို ငါတို့ သည် နားထောင် ၍ စောင့်ရှောက်မည်အကြောင်း၊ ကောင်းကင် သို့ အဘယ်သူတက်၍ ငါတို့ထံသို့ ဆောင်ခဲ့ လိမ့်မည်နည်းဟု မေးစေခြင်းငှာ ကောင်းကင် ၌ ရှိသည် မဟုတ်။
13
တရားတော်ကို ငါတို့သည် နားထောင် ၍ စောင့် ရှောက်မည်အကြောင်း၊ ပင်လယ် ကို အဘယ်သူကူး၍ ငါတို့ထံသို့ဆောင်ခဲ့လိမ့်မည်နည်းဟု မေးစေခြင်းငှာ၊ ပင်လယ် တဘက်၌ ရှိသည်မဟုတ်။
14
တရားတော်သည် သင်စောင့်ရှောက်ဘို့ရာ သင် နှင့် အလွန်နီး၏။ သင်၏နှုတ်၌၎င်း၊ သင်၏နှလုံး၌၎င်း ရှိ၏။
15
ကြည့်ပါတော့၊ အသက်ရှင်ခြင်း ချမ်းသာနှင့် သေခြင်း ဆင်းရဲတို့ကို သင့်ရှေ့မှာ ယနေ့ ငါထား၏။
16
သင်သည် အသက ်ရှင်၍ တိုးပွားမည်အက ြောင်း နှင့် သင်ဝင် စားလတံ့သောပြည် ၌၊ သင်၏ဘုရားသခ င် ထာဝရဘုရား သည် သင့်က ို ကောင်းကြီးပေး တော်မူမည် အက ြောင်း၊ သင်၏ဘုရားသခ င် ထာဝရဘုရားက ို ချစ် သဖြင့် နောက ်တော်သို့လိုက ်၍၊ စီရင် ထုံးဖွဲ့တော်မူချက ် ပညတ်တရားတော်တို့က ို စောင့်ရှောက် လော့ဟု ငါမှာ ထား၏။
17
သို့မဟုတ် သင့်နှလုံးလွဲသွားသဖြင့်၊ သင်သည် နားမထောင် ဘဲ သူတပါး သွေးဆောင်ရာသို့ လိုက်၍၊ အခြားတပါးသောဘုရားတို့ကို ဝတ်ပြုကိုးကွယ်လျှင်၊
18
ယော်ဒန်မြစ် ကို ကူး၍ ဝင် စားလတံ့သောပြည်၌ အသက်တာမရှည်၊ ဧကန်အမှန် ပျက်စီးခြင်းသို့ ရောက် လိမ့်မည်ဟု ယနေ့ ငါသတိပေး၏။
19
အသက်ရှင်ခြင်း၊ သေခြင်း၊ ကောင်းကြီးပေး ခြင်း၊ ကျိန် ခြင်းတို့ကို သင့်ရှေ့၌ ငါထားသည်ဟု သင့်တ ဘက်၌ ကောင်းကင်မြေ ကြီးကို ငါတိုင်တည်၏။
20
သို့ဖြစ်၍၊ သင်နှင့် သင့်အမျိုးအနွယ်သည် အသက်ရှင်မည် အကြောင်းနှင့်၎င်း၊ သင်၏ဘုရားသခ င် ထာဝရဘုရား ကို ချစ်၍ စကားတော်ကို နားထောင် သ ဖြင့်၊ အသက်ရှင်ခြင်းအကျိုး၊ အသက်တာရှည်ခြင်း အကျိုးကို ပေး တော်မူသော ကိုယ်တော်ကို ဆည်းကပ်မှီဝဲ မည် အကြောင်းနှင့်၎င်း၊ ထာဝရဘုရား သည် သင်၏ဘိုး ဘေး အာဗြဟံ ၊ ဣဇာက်၊ ယာကုပ် တို့အား ကျိန်ဆို တော် မူသောပြည်၌ နေ မည်အကြောင်းနှင့် ယှဉ်သော အသက် တရားကို ရွေးယူလော့ဟု ဣသရေလအမျိုးအား ဟော ပြော၏။