1
ဤရွေ့က ား၊ ဟောရပ် အရပ်၌ ထာဝရဘုရား သည် ဣသရေလအမျိုးနှင့် ပြုတော်မူသော ပဋိညာဉ်မှ တပါး၊ မောဘပြည် ၌ မောရှေသည် ထိုလူမျိုးနှင့် ပဋိညာဉ် ပြုစေခြင်းငှာ၊ ထာဝရဘုရား မှာထားတော်မူသော ပဋိညာဉ်စက ားတော် ဖြစ်သတည်း။
2
တဖန် မောရှေသည် ဣသရေလအမျိုးသား အပေါင်းတို့ကို ခေါ်၍၊ ထာဝရဘုရား သည် အဲဂုတ္တုပြည် မှာ ဖာရော ဘုရင်၌၎င်း၊ သူ၏ကျွန် အပေါင်းတို့၌၎င်း၊ သူ၏ပြည် တရှောက်လုံး၌၎င်း၊ သင်တို့မျက်မှောက်တွင် ပြုတော်မူသမျှတည်းဟူသော၊
3
ကိုယ်မျက်စိ နှင့်မြင် သော အလွန်ကြီးစွာသော စုံစမ်းခြင်းအမှု၊ အလွန်ကြီးသော နိမိတ်လက္ခဏာ၊ ထူး ဆန်းသော တန်ခိုးများကို သင်တို့သည် မြင် ရကြပြီ။
4
သိ ု့သော်လည်း နားလည်နိုင်သောနှလုံး ၊ မြင် နိုင်သော မျက်စိ ၊ ကြား နိုင်သော နားတို့ကို ယနေ့ တိုင်အောင် ထာဝရဘုရား သည် ပေး တော်မမူသေး။
5
အနှစ်လေးဆယ် ပတ်လုံး သင်တို့ကို တော၌ ငါပို့ ဆောင်တော်မူပြီ။ သင်တို့ အဝတ် သည် မဟောင်းမနွမ်း။ သင်တို့စီးသော ခြေနင်း လည်း မပျက်။
6
သင်တို့သည် မုန့်ကိုမစား ။ စပျစ်ရည်နှင့် သေ ရည် သေရက်ကို မသောက်ဘဲ နေသောကြောင့်၊ ထာဝရ ဘုရား သည် သင်တို့၏ ဘုရားသခ င် ဖြစ်ကြောင်းကို သိ ရ၏။
7
သင်တို့သည် ဤအရပ်သို့ ရောက်သောအခါ၊ ဟေရှဘုန် ရှင်ဘုရင်ရှိဟုန်၊ ဗာရှန်ရှင်ဘုရင်ဩဃတို့သည် ငါတို့ကို စစ်တိုက်ခြင်း ငှာ ထွက်လာ သဖြင့်၊ ငါတို့သည် သူတို့ကို လုပ်ကြံ၍၊
8
သူတို့ပြည် ကို သိမ်းယူပြီးမှ၊ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက် ၌ ပေး လေ၏။
9
သို့ဖြစ်၍ သင်တို့ ပြုလေရာရာ၌ အောင်နိုင်မည် အကြောင်း ဤပဋိညာဉ် စကားတို့ကို စောင့်ရှောက် ၍ ကျင့်ကြလော့။
10-13
သင်၏ဘုရားသခ င် ထာဝရဘုရား သည် သင်နှင့် ယနေ့ ပြုတော်မူသော သစ္စာကို သင်သည်ခံ၍၊ သင်၏ဘုရားသခ င် ထာဝရဘုရား နှင့် ပဋိညာဉ်ပြုခြင်း ငှာ၎င်း၊ သင့်ကို ကိုယ်တော်၏ လူ မျိုးအရာ၌ ယနေ့ ခန့် ထားတော်မူစေခြင်းငှာ၎င်း၊ အထက်က မိန့်တော်မူ၍၊ သင်၏အဘ အာဗြဟံ ၊ ဣဇာက်၊ ယာကုပ် တို့အား ကျိန်ဆို တော်မူသည်အတိုင်း၊ သင်၏ဘုရားသခ င် ဖြစ်တော်မူစေ ခြင်းငှာ၎င်း၊ သင်တို့အမျိုးအနွယ် ၏ အကဲအမှူး၊ အသက်ကြီး သူ၊ မင်းအရာရှိ ၊ ဣသရေ လအမျိုးယောက်ျား၊ မိန်းမ ၊ သူငယ်၊ ထင်းခုတ်သောသူ၊ ရေ ခပ်သောသူမှစ၍ တပ်၌ရှိသမျှသောသူတို့သည် သင်တို့ဘုရားသခ င် ထာဝရ ဘုရား ရှေ့တော်၌ ယနေ့ ရပ်နေကြ၏။
14
ထိုမှတပါး ဤပဋိညာဉ်၊ ဤသစ္စာကို သင်တို့နှင့် သာ ငါပြုသည်ထက်မက၊
15
ငါတို့ဘုရားသခ င် ထာဝရဘုရား ရှေ့တော်၌ ယနေ့ရပ်နေ သော သူတို့နှင့်၎င်း၊ ငါတို့တွင် ယနေ့ မပါ သော သူတို့နှင့်၎င်း ငါပြု၏။
16
သင်တို့သည် အဲဂုတ္တုပြည်၌ ပေါင်းဘော်သော သူ၊ ခရီးသွား၍ လမ်း ၌တွေ့ကြုံသော လူမျိုးတို့ကို သင်တို့ သိ ကြ၏။
17
သူတို့၌ရှိသော စက်ဆုပ်ရွံ့ရှာဘွယ်သော သစ် သားရုပ်တု၊ ကျောက်ရုပ်တု၊ ရွှေ ရုပ်တု၊ ငွေ ရုပ်တုတို့ကို မြင်ကြ ပြီ။
18
ငါတို့ဘုရားသခ င် ထာဝရဘုရား ထံတော်မှ လွှဲရှောင်ချင်သော သဘောရှိလျက်၊ ထိုလူ မျိုးတို့၏ ဘုရား များထံသို့ သွား၍ ဝတ်ပြုသောယောက်ျား၊ မိန်းမ ၊ အဆွေ အမျိုးတစုံတယောက်သည် သင်တို့တွင် ပါမည်ဟူ၍၎င်း၊ ခါးစွာသောအသီး ၊ ဒေါန ကို သီးတတ်သော အပင်မြစ် သည် သင်တို့တွင် ပေါက်မည်ဟူ၍၎င်း၊
19
ထိုသို့သောသူသည် ဤကျိန်ခ ြင်းစကားကို ကြား သောအခ ါ၊ စိတ်ခ ိုင်မာသည်အတိုင်း၊ ငါကျင့်၍ ရေငတ် ခ ြင်းအပေါ်၌ ယစ်မူးခ ြင်းကို ထပ်ဆင့်သော်လည်း၊ ခ ျမ်းသာရမည်ဟု စိတ်ထဲမှာ ကိုယ်ကိုကိုယ် ကောင်းကြီး ပေးမည်ဟူ၍၎င်း စိုးရိမ်စရာရှိ၏။
20
ထိုသူကို ထာဝရဘုရား နှမြောတော်မမူ။ အပြစ် ရှိသည်ဟု ထင်လွယ်သောစိတ်၊ အမျက်တော်အရှိန် မီးခိုး ထွက်၍ ဤကျမ်းစာ၌ ရေး ထားသော အမင်္ဂလာရှိသမျှတို့ သည် ထိုသူအပေါ်မှာ တည်နေကြလိမ့်မည်။ ထာဝရ ဘုရား သည် သူ၏အမည်ကို မိုဃ်းကောင်းကင် အောက်၌ ချေတော်မူလိမ့်မည်။
21
ဤပညတ္တိကျမ်းစာ၌ ရေး ထားသော ပဋိညာဉ် အမင်္ဂလာရှိသမျှတို့နှင့်အညီ၊ ထိုသူကို ဣသရေလအမျိုး အနွယ် အပေါင်းတို့ထဲက၊ ထာဝရဘုရား နှုတ်၍ အပြစ် ပေးဘို့ရာ ခွဲထားတော်မူလိမ့်မည်။
22
သူ့နေရာအရပ်၌ ထ ာဝရဘုရား ဒဏ်ခတ်တော် မူသော၊
23
အနာရောဂါဘေးဥပဒ်တို့ကို၎င်း၊ ထာဝရဘုရား သည် ဒေါသ အမျက်တော်ထွက်၍ မှောက်လှန် တော်မူ သော သောဒုံမြို့ ၊ ဂေါမောရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့ တို့ ပြိုပျက်ရာကဲ့သို့၊ တပြည် လုံးကို ကန့်နှင့်မီး ကျွမ်း လောင်သော ဆားသက်သက်ဖြစ်၍၊ မျိုးစေ့မကြဲ၊ အသီး အနှံ မသီး၊ မြက်ပင် မပေါက်ကြောင်းကို၎င်း၊ သင်တို့ နောက်မှာ ဖြစ်လတံ့သော သင်တို့အမျိုးသား၊ ဝေးသော အရပ်မှလာသော တပါးအမျိုးသားတို့သည် မြင်ကြသော အခါ၊
24
ထာဝရဘုရား သည် ဤပြည် ၌ အဘယ်ကြောင့် ဤသို့ပြုတော်မူသနည်း။ ဤပြင်းစွာသော အမျက်တော် အရှိန်ကား၊ အဘယ်သို့နည်းဟု လူအမျိုးမျိုး တို့သည် မေးမြန်းကြလျှင်၊
25
သူတပါးတို့က၊ ထိုသူတို့၏ ဘိုးဘေးတို့ ကိုးကွယ် သော ဘုရားသခ င် ထာဝရဘုရား သည် သူတို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင်သောအခါ၊ သူတို့နှင့်ဖွဲ့တော်မူသော ပဋိညာဉ်ကို သူတို့သည် စွန့်ကြသောကြောင့်၎င်း၊
26
အထက်ကသူတို့မသိ ၊ သူတို့အား အဘယ်အရာ ကိုမျှ မပေးသော အခြားတပါးသော ဘုရားတို့အား ဝတ် ပြုကိုးကွယ် ကြသောကြောင့်၎င်း၊
27
ဤမည်သောကျမ်းစာ၌ ရေး ထားသော အမင်္ဂ လာ ရှိသမျှတို့ကို ဤပြည် ၌ သင့်ရောက်စေခြင်းငှာ၊ ထာဝ ရဘုရား သည် အမျက်တော်ထွက်သဖြင့်၊
28
ပြင်းစွာသော ဒေါသ အမျက် အရှိန်အားကြီး လျက် သူတို့ပြည် ထဲက သူတို့ကို နှုတ်ပယ်၍၊ ယနေ့ တိုင် အောင် အခြားတပါးသောပြည် သို့ နှင်ထုတ်တော်မူသည် ဟု ပြန်ပြောကြလိမ့်မည်။
29
မထင်ရှားသောအရာတို့သည်၊ ငါတို့ဘုရား သခင် ထာဝရဘုရား ၏ အငန်းအတာဖြစ်ကြ၏။ ဘော်ပြ တော်မူသောအရာတို့သည် ကာလအစဉ်မပြတ် ငါတို့နှင့် ငါတို့သားသမီး များတို့၏ အငန်းအတာဖြစ်၍၊ ဤပညတ် တရားစကားအလုံးစုံတို့ကို စောင့်ရှောက်ရမည်အ ကြောင်းတည်း။