1
သင်၏ဘုရားသခ င် ထာဝရဘုရား အပိုင်ပေး တော်မူသောပြည်တွင်၊ လွတ်လပ်သောအရပ်၌ လူအသေ ကောင်ရှိသည်ကို တွေ့၍၊ အဘယ်သူသတ်သည်ကို မသိ လျင်၊
2
သင်၌ အသက်ကြီး သူ၊ တရားသူကြီး တို့သည် ထွက်၍၊ ပတ်ဝန်းကျင်မြို့ ရွာများတိုင်အောင် တိုင်းထွာ ရကြမည်။
3
အသေကောင် နှင့် အနီးဆုံးသောမြို့ ၌ အသက် ကြီး သူတို့သည် ထမ်းဘိုးတင်ခြင်း၊ စေခိုင်းခြင်းကို မပြုဘူး သေးသော နွား သငယ်ကို ယူ၍၊
4
လယ်မလုပ်မျိုးစေ့ မကြဲနိုင်အောင် ရေ မပြတ် သော ချောင်း သို့ ဆောင်သွား၍၊ ထိုချောင်း ၌ နွား လည်ပင်းကို ဖြတ်ပြီးမှ၊
5
သင်၏ဘုရားသခ င် ထာဝရဘုရား အမှုတော်ကို ဆောင်ရွက်စေခြင်းငှာ၎င်း၊ ထာဝရဘုရား အခွင့်နှင့် ကောင်းကြီးပေး စေခြင်းငှာ၎င်း ရွေးချယ်တော် မူသော လေဝိသား ယဇ်ပုရောဟိတ် တို့သည် ချဉ်း၍ တရားတွေ့ခြင်းအမှု၊ ရိုက်ပုတ်ခြင်းအမှု ရှိသမျှတို့ကို စီရင်ဆုံးဖြတ်ရကြမည်။
6
အသေကောင် နှင့် အနီးဆုံးသောမြို့ သား အသက်ကြီး သူ အပေါင်းတို့သည်၊ ထိုချောင်း ၌ လည်ပင်း ဖြတ်ပြီးသော နွားမအပေါ်မှာ မိမိတို့လက် ကို ဆေးလျက်၊
7
ငါတို့လက် သည် ဤအသွေး ကို မသွန်း၊ ငါတို့ မျက်စိ သည် မမြင် ။
8
အိုထာဝရဘုရား၊ ရွေးတော်မူသော ကိုယ်တော် ၏လူ ဣသရေလအမျိုးကို သနားတော်မူပါ။ မသေထိုက် သောသူကို သတ်သောအပြစ်သည် ကိုယ်တော်၏လူ ဣသရေလအမျိုးအပေါ်သို့ ရောက်စေတော်မမူပါနှင့်ဟု မြွက်ဆိုရကြမည်။ သို့ပြုလျှင် အသက်ကို သတ်သော အပြစ်လွတ်လိမ့်မည်။
9
ထိုသို့ သင်သည် ထာဝရဘုရား ရှေ့တော်၌ ကောင်းသောအမှုကို ပြုသောအခါ၊ မသေထိုက်သော သူ၏ အသွေး ကို ပယ်ရှင်းရလိမ့်မည်။
10
သင်သည် ရန်သူ တို့ကို စစ် တိုက်သွား၍ သင်၏ ဘုရားသခ င် ထာဝရဘုရား သည် သူတို့ကို သင့်လက် ၌ အပ်တော်မူသဖြင့်၊ သင်သည် ဘမ်းယူသောအခါ၊
11
ဘမ်းယူသောသူတို့တွင် အဆင်းလှသော မိန်းမ ကို မြင် ၍ စုံဘက်ခြင်းငှာ အလိုရှိလျှင်၊
12
သင့်အိမ် သို့ သူ့ကိုခေါ်သွား၍၊ သူသည် ဦးဆံရိတ်ခြင်း၊ လက်သည်းလှီးဖြတ်ခြင်းကို ပြုလျက်၊
13
ဘမ်းယူရာအဝတ် ကို ချွတ်ပယ်၍ တလပတ်လုံး မိဘတို့ကို မြည်တမ်းလျက် သင့်အိမ် ၌ နေ ပြီးသောနေ ာက်၊ သင်သည် သူနှင့်စုံဘက် ၍ သူသည် သင်၏မယား ဖြစ်မည်။
14
နောက်တဖန် သူ့ကို မချစ်လျှင်၊ သူ့အလိုအ လျောက်သွားသောအခွင့်ကို ပေးရမည်။ သူ့ကိုရှုတ်ချ သောကြောင့် ငွေ နှင့်မရောင်းရ၊ ကျွန် အရာ၌ မထားရ။
15
လင်ချစ ်သော မယား ၊ မုန်း သော မယားနှစ် ယောက်တို့သည် သား ကိုဘွား ၍၊ အဦးဘွား သော သား သည် မုန်း သောမယား ၏ သား ဖြစ ်လျှင်၊
16
ထိုသူသည် မိမိအမွေဥစ္စာကို ဝေသောအခါ၊ မုန်း သောမယား၏ သား ဦးကို နှိမ့်ချ၍ ချစ်သောမယား၏ သား ကို သား ဦးအရာ၌ မချီးမြှောက်ရ။
17
မုန်း သောမယား၏ သား သည် သား ဦးဖြစ်သည် ဟု ဝန်ခံ၍၊ နှစ် ဆသော အမွေဥစ္စာကို သူ့အားပေး ရမည်။ အကြောင်းမူကား၊ ထိုသား သည် အဘ၏ ခွန်အားအစ ဦး ဖြစ်၏။ သား ဦးအရိပ်အရာနှင့် ဆိုင်ပေ၏။
18
အဘ၌ ဆိုးသောသား ၊ ခက်ထန်သောသဘော ရှိ၍ မိဘစကားကို နားမထောင် သောသား ၊ မိဘတို့ ဆုံးမသော်လည်း ဆုံးမခြင်းကို မခံသောသား ရှိလျှင်၊
19
မိဘတို့သည် ထိုသားကို ဆွဲကိုင်၍၊ မြို့ ၌ အသက်ကြီး သူတို့ရှိရာ မြို့ တံခါးဝသို့ ဆောင်ခဲ့ပြီးလျှင်၊
20
အကျွန်ုပ်တို့သား သည် ဆိုးသောသူ၊ ခက်ထန် သောသဘောရှိ၍ အကျွန်ုပ်တို့စကားကို နားမထောင် သောသူ ဖြစ်ပါ၏။ စားကြူးသောသူ၊ သောက်ကြူးသော သူ ဖြစ်ပါ၏ဟု မြို့ ၌ အသက်ကြီး သူတို့အား လျှောက်ဆို ရမည်။
21
မြို့ သားယောက်ျားအပေါင်းတို့သည် ထိုသားကို ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။ ထိုသို့ သင်တို့ တွင် ဒုစရိုက်အပြစ်ကို ပယ်ရှားသဖြင့်၊ ဣသရေလအမျိုး သားအပေါင်းတို့သည် ထိုသိတင်းကို ကြား ၍ ကြောက်ရွံ့ ခြင်း ရှိကြလိမ့်မည်။
22
သေထိုက်သော အပြစ်ရှိသောသူကို သစ်တိုင်၌ ဆွဲ၍သတ်လျှင်၊
23
အသေကောင် ကို သစ်တိုင်၌ တညဉ့်လုံးမထား ရ။ ထိုနေ့ ခြင်းတွင် မြေ၌ ဆက်ဆက်မြှုပ်ရမည်။ သစ်တိုင်၌ ဆွဲထား ခြင်းကို ခံရသောသူသည် ကျိန် ခြင်းကို ခံရသော သူဖြစ်၏။ သင်၏ဘုရားသခ င် ထာဝရဘုရား သည် သင့်အမွေ ခံစရာဘို့ ပေး တော်မူသော ပြည်သည် မညစ် ညူးစေမည် အကြောင်း ထိုသို့ပြုရမည်။