1
သင်၏ဘုရားသခ င် ထာဝရဘုရား သည ် အဗိ ဗလ ၊ ည ဉ့်အခါ၌ သင့်ကို အဲဂုတ္တုပြည ်မှ နှုတ်ဆောင် တော်မူသောကြောင့်၊ အဗိဗလ ကို မှတ်၍၊ သင်၏ဘုရား သခင် ထာဝရဘုရား အား ပသခါပွဲ ကို ခံလ ော့။
2
ထာဝရဘုရား သည် နာမတော်ကို တည်စေဘို့ ရာ ရွေးကောက်တော်မူသောအရပ်၌ သိုးနွား တို့ကို ယဇ်ပူဇော်၍၊ သင်၏ဘုရားသခ င် ထာဝရဘုရား အား ပသခါပွဲ ကို ခံရမည်။
3
သင်သည် အဲဂုတ္တုပြည် မှထွက်လာသော နေ့ ရက်ကို တသက်လုံး အောက်မေ့ ဘို့ရာ ပသခါပွဲခံစဉ်၊ တဆေး ပါ သော မုန့်ကို မစား ရဘဲ၊ တဆေး မပါသော မုန့်တည်းဟူ သော ဒုက္ခ မုန့်ကို ခုနှစ် ရက်ပတ်လုံးစားရ မည်။ အကြောင်း မူကား၊ သင်သည် အဲဂုတ္တုပြည် မှ အလျင်တဆောထွက် လာသတည်း။
4
ခုနှစ် ရက်ပတ်လုံး၊ သင့်နေရာပြည်၌ တဆေး ပါ သောမုန့်မရှိရ။ ပဌမနေ့ ညဦးယံ၌ ပူဇော်သောယဇ်၏အ သားကို တညဉ့်လုံး နံနက် တိုင်အောင် မကျန်ကြွင်းစေရ။
5
သင်၏ဘုရားသခ င် ထာဝရဘုရားပေး တော်မူ သော မြို့အရပ်ရပ်တို့တွင် ပသခါ ယဇ်ကို ပူဇော်ရသော အခွင့် ရှိသည်မဟုတ်။
6
သင်၏ဘုရားသခ င် ထာဝရဘုရား သည်၊ နာမ တော်ကို တည်စေဘို့ရာ ရွေးကောက်တော်မူသော အရပ် တွင်၊ သင်သည် အဲဂုတ္တုပြည်မှ ထွက်လာ သောအချိန်၊ နေဝင် ရာညဦးယံအချိန်၌ ပသခါယဇ်ကို ပူဇော်ရမည်။
7
သင်၏ဘုရားသခ င် ထ ာဝရဘုရား ရွေးကောက် တော်မူသောအရပ်မှာ မီးနှင့်ကင်၍စားပြီးမှ၊ နံနက် အချိန် ၌ အိမ်သို့ ပြန်သွားရမည်။
8
ခြောက် ရက်ပတ်လုံး တဆေးမဲ့ မုန့်ကို စားရ မည်။ သတ္တမနေ့ ၌ သင်၏ဘုရားသခ င် ထာဝရဘုရား အဘို့ ဓမ္မ စည်းဝေးခြင်းကို ပြုရမည်။ ထိုနေ့ ရက်၌ အလုပ် မလုပ်ရ။
9
စပါးကို ရိတ်စကာလနောက်၊ အရေအတွက် အားဖြင့် ခုနှစ် သိတင်းလွန်မှ၊
10
သင်၏ ဘုရားသခ င် ထာဝရဘုရား ရှေ့တော်၌ ကိုယ်တိုင်မှစ၍ သင်၏ဘုရားသခ င် ထာဝရဘုရား ကောင်းကြီးပေး တော်မူသည်အတိုင်း၊ အလိုလိုပြုသော ပူဇော်သက္ကာကို ဆောင်ခဲ့ရမည်။
11
သင်၏ဘုရားသခ င် ထာဝရဘုရား သည် နာမ တော်တည်စေဘို့ရာ ရွေးကောက်တော်မူသော အရပ် တွင်၊ သင်၏ဘုရားသခ င် ထာဝရဘုရား အဘို့ ခုနှစ် သိတင်းပွဲကိုခံ၍ သားသမီး ၊ ကျွန် ယောက်ျား မိန်းမ၊ သင့်နေရာ ၌ တည်းခိုသော လေဝိသား ၊ ဧည့်သည်အာဂန္တု၊ မိဘမရှိသော သူ၊ မုတ်ဆိုးမတို့သည် ရွှင်လန်း ခြင်းကို ပြုရကြမည်။
12
သင်သည် အဲဂုတ္တုပြည်၌ ကျွန် ခံခဲ့ဘူးကြောင်းကို အောက်မေ့ ၍၊ ဤပညတ်တရားတို့ကို ကျင့်စောင့်ရမည်။
13
စပါးနှင့် စပျစ်ရည်ကို သိမ်းယူပြီးမှ၊ ခုနှစ် ရက် ပတ်လုံး သကေနေပွဲကို ခံရကြမည်။
14
ထိုပွဲခံစဉ်၊ ကိုယ်တိုင်မှစ၍၊ သား သမီး ၊ ကျွန် ယောက်ျား မိန်းမ၊ သင့်နေရာ၌ တည်းခိုသော လေဝိသား ၊ ဧည့်သည် အာဂန္တု၊ မိဘမရှိသော သူ၊ မုတ်ဆိုးမတို့သည် ရွှင်လန်း ခြင်းကို ပြုရကြမည်။
15
ထာဝရဘုရား ရွေးကောက်တော်မူသော အရပ်၌၊ ခုနှစ် ရက်ပတ်လုံး သင်၏ဘုရားသခ င် ထာဝရ ဘုရား အဘို့၊ ဓမ္မပွဲကို ခံရမည်။ သင်၏ ဘုရားသခ င် ထာဝရဘုရား သည်၊ တိုးပွားလေရာရာ၊ သင်လုပ်ဆောင် လေရာရာ၌ ကောင်းကြီးပေး တော်မူသောကြောင့်၊ အမှတ်ရွှင်လန်းခြင်းကို ပြုရမည်။
16
အဇုမပွဲခံချိန်၊ ခုနှစ်သိတင်းပွဲခံချိန်၊ သကေနေ ပွဲခံချိန်တည်းဟူသော တနှစ်တွင် သုံး ကြိမ်မြောက်အောင် သင်တို့ယောက်ျားအပေါင်းတို့သည်၊ သင်၏ဘုရားသခ င် ထာဝရဘုရား ရွေးကောက်တော်မူသော အရပ်၌ ရှေ့တော်မှာ မျက်နှာ ပြရကြမည်။ ထိုအခါ ထာဝရဘုရား ထံတော်သို့ အဘယ်သူမျှလက်ချည်း မပေါ်မလာရ။
17
သင်၏ဘုရားသခ င် ထာဝရဘုရား ကောင်းကြီး ပေး တော်မူသဖြင့်၊ လူ အသီးသီးတို့သည် တတ်နိုင်သည် အတိုင်း ဆက်ရကြမည်။
18
သင်၏ဘုရားသခ င် ထာဝရဘုရားပေး တော်မူ သောမြို့ ရှိသမျှတို့တွင်၊ တရားသူကြီး ၊ အရာရှိ တို့ကို သင့်နေရာခရိုင်များ၌ အနှံ့အပြား ခန့်ထားရမည်။ သူတို့ သည်၊ လူမျိုးတို့တွင် တရားမှုကို တရားသဖြင့် စီရင် ရကြ မည်။
19
သင်သည် တရားလမ်းမှ မလွှဲရ။ လူမျက်နှာ ကို မထောက်ရ။ တံစိုးကို မစားရ။ တံစိုးသည် ပညာရှိ မျက်စိ ကို ကွယ်စေတတ်၏။ ဖြောင့်မတ် သောသူ၏ စကားကို ကောက်စေတတ်၏။
20
သင်၏ဘုရားသခ င် ထာဝရဘုရားပေး တော်မူ သောပြည်ကို သင်သည် အသက်ရှင်၍ အမွေခံမည်အ ကြောင်း၊ ဖြောင့်သောတရားလမ်းသို့သာ လိုက်ရမည်။
21
သင်၏ဘုရားသခ င် ထာဝရဘုရား အဘို့ သင် တည်သော ယဇ်ပလ္လင် အနားမှာ အဘယ်သို့ သော အာရှရပင်ကိုမျှ မစိုက်ရ။
22
သင်၏ဘုရားသခ င် ထာဝရဘုရား မုန်း တော်မူ သော ရုပ်တုဆင်းတုကို မတည်မထားရ။