1
ခုနစ်နှစ်တခါ လွှတ်ခြင်းကို ပြုရမည်။
2
လွှတ်ခြင်းတရား ဟူမူကား၊ ကိုယ်နှင့်စပ်ဆိုင် သောသူအား ဥစ္စာကို ချေး ငှားသော ကြွေးရှင်မည်သည် ကား၊ ထိုကြွေးကို လွှတ်ရမည်။ ထာဝရဘုရား လွှတ်ခြင်း ကာလဖြစ်သောကြောင့်၊ ထိုကြွေးကို အိမ်နီးချင်း ၊ ညီအစ်ကို ချင်း၌ မတောင်းရ။
3
တကျွန်းတနိုင်ငံသား၌ တောင်းရသောအခွင့် ရှိ၏။ ညီအစ်ကို ၌ရှိသော ကိုယ်ဥစ္စာကို မတောင်းဘဲ လွှတ်ရမည်။
4
သင်၌ ဆင်းရဲသား မရှိစေခြင်းငှာ၊ ထိုသို့ပြုရ မည်။ သင်၏ဘုရားသခ င် ထာဝရဘုရား သည် အမွေ ခံ ဘို့ရာ အပိုင်ပေး တော်မူသောပြည် ၌ သင့်ကို အလွန် ကောင်းကြီးပေး တော်မူမည်။
5
ယနေ့ ငါမှာထားသမျှသော ဤပညတ်တို့က ို က ျင့်မည်အက ြောင်း စောင့်ရှောက် ခြင်းငှာ၊ သင်၏ဘုရား သခင် ထာဝရဘုရား ၏ စက ားတော်က ို စေ့စေ့နားထောင် လော့။
6
သင်၏ဘုရားသခ င် ထာဝရဘုရား သည်၊ ဂတိ တော်ရှိသည်အတိုင်း ကောင်းကြီးပေး တော်မူသဖြင့်၊ သင်သည် လူမျိုးများတို့အား ချေး ငှားရသော အခွင့်ရှိလိမ့် မည်။ သူတို့သည် သင့်အား ချေး ငှားသော အခွင့်မရှိရ။ သင်သည် လူမျိုးများတို့ကို အစိုးပိုင်ရလိမ့်မည်။ သူတို့ သည် သင့်ကို အစိုးမပိုင်ရကြ။
7
သင်၏ဘုရားသခ င် ထာဝရဘုရား ပေး တော်မူ သောပြည် တွင်၊ မြို့တစုံတမြို့၌ ဆင်းရဲသော ညီအစ်ကို ချင်း ရှိလျှင်၊ ထိုဆင်းရဲသော ညီအစ်ကို ၌ သင်သည် သနားသောစိတ်ကို မချုပ်တည်းရ။ လက် ကိုလည်း မပိတ်ရ။
8
သင်၏လက် ကို သူ့အဘို့ ကျယ်ကျယ်ဖွင့်၍၊ သူ၏ ဆင်းရဲ ပျောက်လောက်အောင် ချေး ငှားရမည်။
9
သင့်စိတ်နှလုံး၌ ဆိုးညစ်သော သဘောရှိ၍၊ သတ္တမနှစ်တည်းဟူသော လွှ တ်ရာနှစ်နီး ပြီဟု အောက်မေ့ လျက်၊ ထိုဆင်းရဲသော ညီအစ်ကို ကို မနာလိုသောစိတ်ရှိ ၍၊ ဘာမျှမပေး ဘဲနေလျှင် သူသည် ထာဝရဘုရား အား အော်ဟစ်သဖြင့်၊ သင်၌ အပြစ်မရောက်မည်အကြောင်း သတိပြုလော့။
10
အကယ်စင်စစ် သူ့အားပေး ရမည်။ ပေး သော အခါ နှမြောသောစိတ်မရှိရ။ အကြောင်းမူကား၊ ထိုဒါန ကြောင့် သင်၏ဘုရားသခ င် ထာဝရဘုရား သည်၊ သင်ပြု လေရာရာ၊ လုပ်ဆောင်လေရာရာ၌ ကောင်းကြီးပေး တော်မူ မည်။
11
သင့်နေရာပြည် ၌ ဆင်းရဲသားမပြတ်ရ။ ထို့က ြောင့်၊ သင့်ပြည် ၌ ဆင်းရဲငတ်မွတ်သော ညီအစ်ကို ချင်းတို့အား သင်၏လက်က ို က ျယ်က ျယ်ဖွင့်ရမည်အက ြောင်း ငါမှာ ထား၏။
12
သင်၏ညီအစ်ကို ချင်း၊ ဟေဗြဲ အမျိုးယောက်ျား မိန်းမသည် သင်၌ ကျွန်ဖြစ်၍၊ ခြောက် နှစ်အစေခံ ပြီးမှ၊ သတ္တမနှစ်ရောက်လျှင် လွှတ်ရမည်။
13
လွှတ်သောအခါ၊ လက်ချည်း မလွှတ်ဘဲ၊
14
သင်၏ဘုရားသခ င် ထာဝရဘုရား သည် ကောင်း ကြီးပေး တော်မူသည်အတိုင်း၊ သင်၏သိုးစု ၊ ကောက်နယ် တလင်း၊ စပျစ်သီးနယ်ရာကျင်းထဲက များစွာပေး ရမည်။
15
သင်သည် အဲဂုတ္တုပြည်၌ ကျွန် ခံခဲ့ဘူးက ြောင်းက ို ၎င်း၊ သင်၏ဘုရားသခ င် ထာဝရဘုရား သည် သင့်က ို ရွေးနှုတ်တော်မူက ြောင်းက ို၎င်း၊ အောက်မေ့ ရမည်။ ထိုက ြောင့် ဤပညတ်က ို ယနေ့ ငါထား၏။
16
သို့ရာတွင် ကျွန်က၊ ကျွန်တော်သည် မထွက် မသွားလိုပါ။ ကိုယ်တော်နှင့် ကိုယ်တော် အိမ် သူအိမ် သား တို့ကို ချစ်ပါ၏။ နေ၍ပျော်ပါ၏ ဟုဆိုလျှင်၊
17
သင်သည် စူးကိုယူ၍ တံခါး၌ ကျွန် ၏နားရွက်ကို ဖောက်ပြီးမှ၊ သူသည် အစဉ်အမြဲ ကျွန် ခံရမည်။ ထိုအတူ ကျွန် မ၌လည်း ပြုရမည်။
18
သင်၏ကျွန်ကို လွှတ်သောအခါ ခက်သည်ဟူ၍ မထင်ရ။ အကြောင်းမူကား၊ ခြောက် နှစ်ပတ်လုံး အစေခံ သဖြင့်၊ သူငှားဆောင်ရွက်သောအမှု နှစ်ဆကို သူသည် ဆောင်ရွက်လေပြီ။ သင်၏ဘုရားသခ င် ထာဝရဘုရား သည်လည်း သင်ပြုလေရာရာ၌ ကောင်းကြီးပေး တော်မူ မည်။
19
သင်၏သိုးနွား တို့တွင် အဦးဘွား သော အထီးရှိ သမျှတို့ကို သင်၏ဘုရားသခ င် ထာဝရဘုရား အဘို့ သန့်ရှင်းစ ေရမည်။ အဦးဘွား သောနွား ၊ အဦးဘွား သော သိုး ကို မသုံးဆောင်ရ။
20
ထာဝရဘုရား ရွေးကောက်တော်မူသော အရပ် ၌ သင်၏ဘုရားသခ င် ထာဝရဘုရား ရှေ့တော်မှာ ထိုသိုးနွားတို့ကို နှစ်စဉ်မပြတ် အိမ် သူအိမ် သားတို့နှင့် တကွ ကိုယ်တိုင်စားရ မည်။
21
ထိုသိုးနွားတို့၌ ခြေဆွံ့၊ မျက်စိကန်း အစရှိသော အင်္ဂါချို့တဲ့ခြင်းအပြစ်၊ အခြားသောအပြစ် တစုံတခု ရှိလျှင်၊ သင်၏ဘုရားသခ င် ထာဝရဘုရား အား ယဇ်မပူ ဇော်ရ။
22
သင့်နေရာအရပ်၌ စားရ မည်။ သမင်၊ ဒရယ် ကို စားသကဲ့သို့ စင်ကြယ်သောသူ၊ မစင်ကြယ်သော သူတို့ သည် အတူစားရ ကြမည်။
23
သို့ရာတွင် အသွေး ကို မစား ရ။ ရေကို သွန်သကဲ့ သို့ မြေ ပေါ်မှာသွန်ရမည်။