1
ထိုအခါ ထာဝရဘုရား က၊ ဖာရော ဘုရင်နှင့် အဲဂုတ္တုပြည်အပေါ်မှာ ဘေးတပါးကို ငါရောက်စေဦးမည်။ ထိုနောက် သင်တို့ကို လွှတ်လိမ့်မည်။ လွှတ်သောအခါ၌လည်း၊ အကယ်၍ သင်တို့ကို တပြိုင်နက် နှင်လိမ့်မည်။
2
ဣသရေလလူ ယောက်ျားသည်၊ အိမ်နီးချင်း ယောက်ျား၌၎င်း၊ မိန်းမ သည် အိမ်နီးချင်းမိန်းမ ၌၎င်း၊ ငွေ တန်ဆာ၊ ရွှေ တန်ဆာ၊ အဝတ်တန်ဆာတို့ကို တောင်းစေခြင်းငှာ၊ လူ များတို့အား ပြောလော့ဟု မောရှေ အား မိန့်တော်မူ၏။
3
သူတို့တောင်းသည်အတိုင်း၊ အဲဂုတ္တုလူတို့သည် ပေး ချင်သောစေတနာစိတ်ကို ထာဝရဘုရား ဖြစ်စေ တော်မူ၏။ မောရှေသည် လည်း၊ အဲဂုတ္တုပြည် တွင် ဖာရောဘုရင်၏ ကျွန် များ၊ လူ များရှေ့၌ ကြီးစွာသော အသရေရှိလေ၏။
4
ထိုအခါ မောရှေက၊ ထာဝရဘုရား မိန့်တော်မူသည ်ကား၊ သန်းခေါင်အချိန်၌ အဲဂုတ္တုပြည ်အလယ် သို့ ငါထွက်သွားမည ်။
5
နန်းထိုင် သော ဖာရောဘုရင်၏ သားဦးမှစ၍၊ ကြိတ်ဆုံနေ ာက်၌ ထိုင် သော ကျွန်မ၏သားဦး တိုင်အောင်၊ အဲဂုတ္တုပြည်၌ ရှိသမျှသော သားဦးတို့နှင့် တိရစ္ဆာန်တို့၏ သားဦးရှိသမျှတို့သည် သေကြလိမ့်မည်။
6
အဲဂုတ္တုပြည် တရှောက်လုံးတွင်၊ ရှေးကာလ၌ မဖြစ်စဖူး၊ နောင်ကာလ၌လည်း မဖြစ်လတံ့သော ကြီးစွာသော ငိုကြွေးခြင်း ဖြစ်ရလိမ့်မည်။
7
သိ ု့ရာတွင် ထာဝရဘုရား သည်၊ အဲဂုတ္တုလူ တို့နှင့် ဣသရေလလူ တို့ကို ခြားနားစေတော်မူကြောင်းကို သင်တို့သိ စေခြင်းငှာ၊ ဣသရေလလူ တစုံတယောက်ကို ခွေး တကောင်မျှ မဟိန်းရဟု မိန့်တော်မူ၏။
8
ကိုယ်တော်၏ ကျွန် ဖြစ်သော ဤလူအပေ ါင်းတို့သည်လည်း ကျွန် ုပ်ထံသို့ လာ၍ ပြပ်ဝပ်လျက် ထွက်သွားပါ။ ကိုယ်တော်နှင့် ကိုယ်တော်နောက်၌လိုက်သော လူအပေ ါင်းတို့ ထွက်သွားကြပါဟု ပြောဆိုပြီးမှ ကျွန် ုပ်ထွက်သွားပါမည်ဟု လျှောက်ဆိုသဖြင့်၊ အမျက်ထွက် ၍ ဖာရော ဘုရင်ထံမှ ထွက်သွားလေ၏။
9
ထာဝရဘုရား ကလည်း၊ အံ့ဘွယ်သော အမှုတော်တို့သည် အဲဂုတ္တုပြည်၌ များပြားမည်အကြောင်း၊ ဖာရော ဘုရင်သည် သင်တို့၏စကားကို နားမထောင် ဘဲနေလိမ့်မည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊
10
မောရှေနှင့်အာရုန်တို့သည် ဖာရော ဘုရင်ရှေ့မှာ ဤအံ့ဘွယ်သော အမှုအလုံးစုံတို့ကို ပြုသော်လည်း၊ ထာဝရဘုရား သည် ဖာရောဘုရင်၏ နှလုံး ကို ခိုင်မာစေတော်မူသဖြင့်၊ ဣသရေလအမျိုးသား တို့ကို ပြည် တော်မှ ထွက်သွားရသောအခွင့်ကို မပေးဘဲ နေသတည်း။